+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Monday, June 18, 2012

စကာကြီး(၁၀)မျိုး

ရေကူးညာတင်၊ကောက်ပင်ရိတ်လှီး၊ရေစီးဖောင်ဆန်၊အိုးတန်ဆန်ခပ်၊ဆီပွတ်ကျည်ပွေ့၊ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊ကြက်ဆုတ်ခွပ်ပစ်၊ရေစစ်ကရား၊ခက်တင်မောင်းနင်း ဆိုခြင်းစကား "ဤဆယ်ပါး"


(၁)။ရေကူးညာတင်ပြောနည်း
မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည် အခါ မြစ်ညာဘက်မှစ၍ကူးမှသာ၊လိုရာသို့ ရောက်သလို၊စကား
ပြောသည့်အခါလည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ပြောနည်းကိုခေါ်သည်။

(၂)။ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သည့်အခါတစ်နိုင်ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင် နိုင်နိုင်ဆုပ်ကိုင်ပြီးမှအခြားလက်
တစ်ဖက်က တံဇဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ စကားပြောရာတွင်လည်း တစ်ဘက်လူ၏စကားကို သိမ်းကျုံးဖမ်းဆုတ်ပြီး အခြေအမြစ် ကိုင်၍ပြောနည်းကိုခေါ်သည်။

(၃)။ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းဖြည်းသာသာ ဆန်တက်သဖြင့် လိုရာခရီးရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျ တို့ဖြင့် ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြင်းကိုခေါ်သည်။

(၄)။အိုးတန်ဆန်ခပ်ပြောနည်း
ထ္မင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာစားသုံးရသကဲ့သို့ စကားကိုမယုတ်မလွန်နှင့်လိုရာရောက်အောင် ပြောဆိုခြင်းကိုခေါ်သည်။

(၅)။ဆီပွတ်ကျည်ပွေ့ပြောနည်း
ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲထည့်၍ ကျည်ပွေ့ဖြင့်အထပ်ထပ်ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကားကို အောင်မြင်အောင် ပြောခြင်းကိုခေါ်သည်။

(၆)။ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့ရန်အလိုက်ခံရသည့် လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွဲ ပြောဆိုခြင်းကိုခေါ်သည်။

(၇)။တောင်သူယာခုတ်ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေ့ဦးစွာချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကိုခုတ်လဲကြသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွားပြောပြီးမှ စကားကြီးများကို ပြော၍ အနိုင်ယူခြင်းကိုခေါ်သည်။

(၈)။ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ယန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကိုဦးစွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းကိုခေါ်သည်။

(၉)။ရေစစ်ကရားပြောနည်း
ရေစစ်သောဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျင်အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ`စကားကိုပိတ်မိအောင်ပြောခြင်း ကိုခေါ်သည်။

(၁၀)။ခက်တင်မောင်းနင်းပြောနည်း
တစ်ဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်းမငြင်း မတင်မကျပြောသောစကားကိုခေါ်သည်။



0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...