+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Saturday, June 23, 2012

ပစ်သွားသောသူ ကိုဓာတ်ရိုက်ဓာတ်ဆင်လုပ်နည်း




အပေါ်ကပုံကို ကြည့်ကြည့်ပါ။ ဥပမာ သင်က အင်္ဂါသားသမီး တစ်ယောက်ဖြစ်တယ် ဆိုကြပါစို့။ အင်္ဂါရဲ့ အမြစ်ကို သိချင်၇င် ရှေ့က တနင်္လာဆိုတာဟာ အင်္ဂါရဲ့ အမြစ်ပေါ့။ နောက်က ဗုဒ္ဓဟူးကတော့ သင့်ရဲ့ အညွန့်ပေါ့။ အဲဒီအမြစ်နဲ့ အညွန်နှစ်ခုကို သိရရင် ဒီယတြာကို ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်လို့ရပါပြီ။ ကဲဗျာ...။ ဒီလောက်ဆိုရင် အမြစ်အညွန်ဆိုတာကို သိလောက်ပါပြီ။

ကဲယတြာစီရင်ပုံအပြည့်အစုံကို စကြရအောင်

(၁) ကော်မဟုတ်တဲ့ မြက်ယပ်တောင် နှစ်ခုလိုပါတယ်။ အောက်မှာ ကြည့်ကြည်လိုက်ပါ။


(၂) ကာယကံရှင်ရဲ့ အမြစ်နံ (အသား)ရယ် အညွန့်နံ(ပန်းတပွင့်)ရယ်။ နောက်ပြီး တစ်ဘက်လူနေ့နံရဲ့ အမြစ်နံ (အသား) ရယ်၊ အညွန့်နံ (ပန်းတစ်ပွင့်)ရယ် အရင်ရှာထားပါ။ ပြီးရင် ယပ်တောင်တစ်ချောင်းမှာ ကိုယ့်ရဲ့ (အမြစ်နံ) အသားရယ်၊ တစ်ဖက်လူရဲ့ အမြစ်နံ အသားရယ်ကို ပူးချဉ်ပါ။ ယပ်တောင်အရွက်မှာကတော့ ကိုယ့်ရဲ့ အညွန်နံပန်းတစ်ပွင့်ရယ်၊ တစ်ဖက်လူရဲ့ အညွန်နံပန်းတစ်ပွင့်ရယ် ပူးချဉ်ပါ။ ယပ်တောင်နှစ်ချပ်လုံးမှာ အထက်ပါအတိုင်း ဆောင်ရွက်ထားပါ။



ဟုတ်ပြီနော်။ အပေါ်မှာ ဥပမာအနေနဲ့ သောကြာသမီးတစ်ယောက်က သူ့ကို ပစ်သွားတဲ့ ဗုဒ္ဓဟူးသားတစ်ယောက်ကို ဓာတ်ရိုက်ဓာတ်ဆင် ဆောင်ရွက်ပုံကို ဥပမာအနေနဲ့ ပြထားပေးပါတယ်။

ဥပမာ သောကြာသမီးက ဗုဒ္ဓဟူးသားကို ဓာတ်ဆင်တယ် ဆိုကြပါစို့။

သောကြာသမီးရဲ့ အမြစ်နဲ့ အညွန့်ကို အရင်ဆုံး ရှာထားရမယ်နော်။ အမြစ်က ယပ်တောင်ရိုးမှာ ချဉ်ဖို့။ အညွန့်က ယပ်တောင် အရွက်မှာ ချဉ်ဖို့ပါ။ အပေါ်မှာ ပုံလေးဆွဲပြထားတယ်ဆိုတော့ ထပ်မရှင်းပြတော့ပါဘူး။

နောက်ဆုံးအဆင့် အားလုံး ယပ်တောင်နှစ်ခုမှာ အမြစ်တွေ၊ အညွန့်တွေအားလုံး စီစဉ်ပြီးသွားပြီဆိုရင်


မိမိအိမ်ဘုရားစင်ရှေ့မှာ သန့်ရှင်းသော ဇလုံတစ်လုံးထဲမှာ ဘုရားဆင်းတုတော်ကို ရေ (၁၂)ခွက်တိတိ သပ္ပါယ်ပါ။ ပြီးရင် အစီအရင် လုပ်ထားသောယပ်တောင်ဖြင့် ဆင်းတုတော်ကို (၁၀၈)ခေါက် ယပ်ခတ်ပြီး ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပါ။ လေးလေးနက်နက် ဆုတောင်းပါ။ ကိုယ့်ကိစ္စပြီးစီးအောင်မြင်သည့်အထိ ဆောင်ရွက်ပါရန်။

အောက်ဖက်မှာတော့ (၇)ရက်သားသမီး အားလုံးအတွက် အမြစ်နံ အညွန့်နံတွေကို အဆင်ပြေပြေ သိရအောင် ဇယားကွက်လေးပြုလုပ်၍ ဖော်ပြပေးလိုက်ရပါတယ်။

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...