+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Saturday, June 23, 2012

အိပ်ယာဝင် ၁၅မိနစ်ကျင့်စဉ်

အစပထမ(၅)မိနစ်

အရင်ဆုံး ပထမ ငါးမိနစ်မှာ ထိုင်ရမယ်။ ဘာလုပ်မှာလဲ။ ထိုင်မှာနော်။ ထိုင်ရုံပဲ ထိုင်၇မယ်။ ကျန်တာ ဘာမှ မလုပ်ရဘူး။ ထိုင်နေရုံလေးပဲ။ ၀င်လေထွက်လေလည်း မှတ်စရာမလိုဘူး။ ပုတီးစိတ်နေစရာလည်း မလိုဘူး။ ထိုင်ပဲ ထိုင်နေရမှာ။ လိုက်ပြီး တွေးနေဖို့လည်း မလိုဘူး။ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေကိုလည်း မတွေးနဲ့ မတွေးနဲ့ ဆိုပြိး အတင်းမောင်းထုပ်နေစရာ မလိုဘူး။ ငြိမ်ငြိမ်းလေး အေးအေးချမ်းချမ်းလေး ထိုင်နေရမယ်။ ဒါလေးက ပြောရင်တော့ လွယ်တယ်။ တကယ်လုပ်ကြည့်ရင် အစပထမတော့ နည်းနည်း ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ။ နည်းနည်းလောက် လုပ်ကြည့်လိုက်ရင် ကိုယ့်စိတ်ကို ကိုယ် သဘောပေါက်သွားလို့ အဆင်ပြေပါတယ်။ လုပ်ကြည့်ပါ။ ဒါကြောင့် ပထမဦးဆုံး (၅) မိနစ်မှာ ကိုယ့်ရဲ့ စိတ်ကော ရုပ်ကော ဖြေလျှောပြီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်ပါ။ (၅) မိစ်ပဲနော်။

ဒုတိယ(၅)မိနစ်


ပထမငါးမိနစ်ကို ငြိမ်ငြိမ်လေး ထိုင်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ယောက်ယက်ခတ်တဲ့ စိတ်လေးဟာ အတော်အသင့် ငြိမ်သက်စပြုလာပါပြီ။ ဒုတိယ ငါးမိနစ်မှာ အသက်ရှုလေ့ကျင့်ခန်း လုပ်မယ်။ ဘယ်လို လုပ်ရမလဲ။ အသက်ကို ပထမဦးဆုံး တ၀ကြီး ရှုသွင်းမယ်။ အဆုံးထိကို ရူသွင်းရမှာနော်။ နည်းနည်းလေး ရူလို့ မရဘူး။ ကိုယ့်အသက်ကို ဆက်ပြီး ရူသွင်းလို့ မရတဲ့အခြေအနေအထိ၊ ကိုယ့် ၀မ်းဗိုက်ကြီး ဖောင်းကားသွားတဲ့အထိ ရူသွင်းရမှာ။ ရင်ဘတ်ကြီး မို့မောက် သွားတဲ့အထိ ရူသွင်းရမှာ။ ဟုတ်ပြီ။ ရူသွင်းပြီးသွားရင် လေတွေကို ချက်ချင်း ပြန်မထုပ်ရ ဘူးနော်။ ခန အောင်ထားရမယ်။ ဘယ်လောက်ကြာအောင် အောင့်ထားရမလဲဆိုတော့ အဲဒီလို အောင့်နေတဲ့ အချိန်မှာ ကိုယ့်စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်အထိ ဖြေးဖြေးမှန်မှန် ရီနေရမယ်။ တစ်ဆယ်ကို ရောက်ပြီ ဆိုတာနဲ့ ခုနက အောင်ထားတဲ့ လေတွေကို ဖြေးဖြေးမှန်မှန် ပြန်ထုပ်ပစ်လိုက်ရမယ်။ ထုပ်တဲ့အခါမှာလည်း ရူသွင်းထားတဲ့ လေတွေကို ကုန်အောင် ပြန်ထုပ်ပစ်ရမယ်။ ကိုယ့်ရဲ့ ၀မ်းဗိုက်ကြီး ပျားချပ်သွားတဲ့အထိကို ရူ ထုပ်ပစ်ရမှာနော်။ ထုပ်စရာ လုံးဝ မရှိတော့လောက်အောင်ကို လေတွေကို ထုပ်ပစ်လိုက်ရမှာ။ အနည်းဆုံး ဆယ်ကြိမ်လုပ်ရမယ်။

အဲဒီအချိန်မှာ ကိုယ့်စိတ်က ဘယ်လို လုပ်ရမလဲဆိုတော့ အစပထမ လေကို ရူသွင်းနေတဲ့ မိမိစိတ်က ဘယ်လိုတွေးရမလဲဆိုတော့ ဒီစကြာဝဠာကြီးထဲက အေးချမ်းတဲ့ ဓာတ်တွေဟာ ငါရူသွင်းလိုက်တဲ့ လေတွေနဲ့အတူ ငါရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီ။ ပြိးတော့ ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို စိမ့်ဝင်ပြန့်နှံ့သွားပြီ လို့ အာရုံပြုရမယ်။ နောက်ပြီး လေတွေကို ပြန်ထုပ်တဲ့ အချိန်မှာကြတော့ ဘယ်လိုအာရုံပြုရမလဲဆိုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ မကောင်းတဲ့... ငါမလိုချင်တဲ့ စိတ်ညစ်စ၇ာတွေ စိတ်သောကတွေ အားလုံး ဒီလေနဲ့ အတူ ပြန်ထွက်သွားပြီ။ ငါ့ခန္ဓာကိုယ်ထဲမှာ မရှိတော့ဘူး။ မကျန်တော့ဘူး။ အားလုံး ထွက်သွားပြီလို့ အာရုံပြုရမယ်။ အဲဒိလို ၀င်လေ ထွက်လေကို အနည်းဆုံး ဆယ်ကြိမ် လုပ်ရမယ်။

တတိယ(၅)မိနစ်

ဟုတ်ပြီနော်။ အခုအချိန်အထိ ခက်တာ တစ်ခုမှ မပါသေးဘူးနော်။ အစပထမငါးမိနစ်မှာ ငြိမ်ငြိမ်လေး ထိုင်မယ်။ နောက်ငါးမိနစ်မှာ အသက်ရူလေ့ကျင့်ခန်း အနည်းဆုံး ဆယ်ကြိမ်လုပ်မယ်။ အခု နောက်ဆုံးငါးမိနစ်မှာ ဘာလုပ်ရမလဲဆိုတော့ ပထမဆုံး ကောင်းကင်ကြီးကို အာရုံပြုလိုက်ရမယ်။ အဲဒီ အဆုံးအစမရှိတဲ့ ကောင်းကင်ကြီးမှာ ရေကန်ကြီး တစ်ကန်ရှိတယ်လို့ အာရုံပြုရမယ်။ ရေကန်ကြီးထဲမှာ အပြာရောင် ပြာလဲ့လဲ့ ရေတွေ ရှိနေတယ်နော်။ အဲဒီကောင်းကင်က ရေကန်ကြီးထဲမှာရှိတဲ့ အပြာရောင် ရေတွေဟာ ကောင်းကင် ရေကန်ကြီးကတစ်ဆင့် စီးကျလာပြီးတော့ မိမိရဲ့ ဦးခေါင်းပေါ်ကို ကျလာပြီ။ ဦးခေါင်းထဲကို ၀င်သွားတယ်။ ပြီးရင် ခန္ဓာကိုယ် ကလပ်စီးတိုင်းအထိ စိမ့်ဝင် ပျံ့နှံ့သွားတယ်လို့ အာရုံပြုရမယ်။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ရော ရုပ်ပါ အေးချမ်းသွားပြီ။ ဘာပူပင်သောကမှ မခံစားရတော့ဘူး။ မရှိတော့ဘူးလို့ အာရုံပြုရမယ်။ အဲဒါကို ငါးမိနစ် လုပ်ရမယ်။

အားလုံး(၁၅) မိနစ်ပြီးရင် ဘာမှ ထပ်မလုပ်နဲ့တော့ ။ ကိုယ့်ရဲ့အိပ်ယာပေါ်မှာ အသာလေး ခန္ဓာကိုတစ်ခုလုံးကို ပျောပျော့်ပြောင်းပြောင်းလေး ထားပြီး အိပ်စက်ရမယ်။ အိပ်တဲ့အခါမှာလဲ အကောင်းဆုံးက ငါတို့ မြန်မာစကား ရှိတယ်။ ပိုးလိုးပက်လက် ဆိုတာလေ။ တကယ့်ကို သတိလက်လွတ် ပုံစံမျိုးနဲ့ အိပ်စက်ပစ်လိုက်ရမယ်။ အဲဒီလို တစ်နေ့ကို (၁၅)မိနစ် ပုံမှန်လေး လုပ်ပေးကြည့်လိုက်ပါ။ လေးငါးဆယ်ရက်လောက် လုပ်ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။

 မှတ်ချက်။    ။ယုံယုံကြည်ကြည် လုပ်ဖို့လိုအပ်ပါသည်။

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...