မဟာဘုတ်ဗေဒင်ပညာမှာ မိမိ၏ မြန်မာ မွေးသက္ကရာဇ်ကို တည်ပြီး ၊ (၇)နှင့် စားရပါတယ်။ အကြွင်းကို ဘင်္ဂဆိုတဲ့ နေရာက စချရမယ်။ အဲဒီလို ချတဲ့အခါမှာ ဂြိုဟ်တစ်ခုနှင့် တစ်ခု လေးခုမြောက်ကွာသော စတုရန်းလင်္ကာနှင့် ချရပါတယ်။
အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ
ဒါက စတုရန်း လင်္ကာပါ။ ပါးစပ်ကတော့ အောင်လံထူ စစ်သူကြီးပွဲလို့ ရွတ်ပြီးချရမယ်။ လက်က ချတဲ့နေရာမှာ တော့ ဂဏန်းသင်္ချာနဲ့ ရေးပြီး ချသွားရမယ်။ အောင်ဆိုရင်(၁) ၊ လံဆိုရင်(၂) ၊ ထူဆိုရင်(၀ သို့ ၇) ၊ စစ်ဆိုရင် (၃) ၊ သူဆိုရင်(၆)၊ ကြီးဆိုရင်(၂) ၊ ပွဲဆိုရင်(၅)။ အဲဒီလိုရေးပြီး ချသွားရမယ်။ အဲဒီမှာ အထူးသတိထားရမှာက မိမိကြွင်းတဲ့ ဂဏန်းက စချရမယ်။ ၁ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၁-ကိုချ။ ပြီးရင် လင်္ကာရွတ်ပြီး ဆက်ချပေါ့။ အဲဒီလိုပဲ (၂)ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၂-ကိုရေး ။ ပြီးရင် ကြီးပွဲအောင်လံထူစစ်သူ ဆိုပြီး လင်္ကာ ဆက်ရွတ် ပြီး ချပေါ့နော်။
ကဲ... မဟာဘုတ်ရဲ ပုံစံလေးကို အရင်ကြည့်ရအောင်။

ဘင်္ဂဆိုတဲ့ နေရာလေးမှာကိုယ်ရဲ့အကြွင်းကို ချရပါတယ်။ ပြီးရင် မျှားပြထားတဲ့အတိုင်း အောင်လံထူစစ်သူကြီးပွဲ ဆိုပြီး ဆက်ချပေတော့။ အောက်မှာ မဟာဘုတ် (၁)ကြွင်းကနေ (၇)ကြွင်းထိ ပုံလေးတွေနှင့် ပြထားပါတယ်။



























0 ခုပြောဆိုထားသည်:
Post a Comment