+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Wednesday, September 26, 2012

Gmail, Gtalkများကဲ့သို့ Chat နိုင်သောPandion IM


ယနေ့ သတင်းအချက်အလက်နှင့် နည်းပညာခေတ်ကြီးထဲတွင် တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအတွင်းရှိ အဖွဲ့ဝင်များအချင်းချင်း၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု တစ်နိုင်ငံနှင့်တစ်နိုင်ငံ စသည်ဖြင့် ဆက်သွယ်နိုင်ရန်အတွက် အမှန်ပင်လိုအပ်လာပြီဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ The Cyber Wings Team မှ Chat System တစ်ခုအား Beta Stage အနေဖြင့် ပြုလုပ်လိုက်ပါသည်။
ယခု Chat System တွင် ပါဝင်သော Feature များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • တစ်ဦးနှင့်တစ်ဦး လွယ်လင့်တကူ ဆက်သွယ်နိုင်ခြင်း။
  • Gmail, Gtalk, AOL, MSN, Yahoo များမှ user များအား တိုက်ရိုက် ချိတ်ဆက်ကာ ဆက်သွယ်နိုင်ခြင်း။
  • Register ပြုလုပ်ထားသော User များအချင်းချင်း File Transfer လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း။
  • Register ပြုလုပ်ထားသော User များအချင်းချင်း အဖွဲ့လိုက် Group Chat ပြုလုပ်နိုင်ခြင်း။
  • ၄င်း Group Chat အတွက် Chat Room များအား ကိုယ်တိုင် ဖန်တီးနိုင်ခြင်း။
  • Chat Room များထဲအတွင်း တစ်ဦးချင်းစီအား ရာထူးများခွဲ၍ ထိန်းသိမ်းနိုင်ခြင်း။
  • Chat Room များအား Password ခံကာ Private Meeting/Private Chat အနေဖြင့် အသုံးပြုနိုင်ခြင်း။
စသည်တို့ပဲဖြစ်ပါတယ်။
ထို့ကြောင့် ယခုပဲစမ်းသုံးကြည့်လိုက်ရအောင်…Sign up ပြုလုပ်ပီးသည်နှင့် Chatting ဖြင့် အဆက်အသွယ်လုပ်နိုင်ရန် စတင် ၀င်ရောက် အသုံးပြုနိုင်ပီ ဖြစ်ပါသည်။ ၄င်း ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။
လိုအပ်သော software များ
Pandion IM << Click ပြီး Download ရယူနိုင်ပါသည်။

Messenger Software အား Install ထည့်သွင်းပြုလုပ်ပုံ

 
ပုံ (၁)
၁။ Download လုပ်ယူထားသော File အား Double Click နှိပ်ပါ။
၂။ ထိုကဲ့သို့ Security Warning ပေါ်လာပါက “Run” ကို Click ပေးပါ။ အချို့နေရာများတွင် ပေါ်မည်မဟုတ်သောကြောင့် ပုံ (၁) တွင်ပြထားသော Security Warning မပေါ်ပါက အဆင့် ၂ ကိုကျော်သွားနိုင်ပါသည်။
ပုံ (၂)
 ပုံ (၂) အတိုင်း Install စ တင် ပြုလုပ်ပါလိမ့်မည်။ မိနစ် အနည်းငယ်မျှ စောင့် ပေးပါ။

Server အား ချိတ်ဆက်အသုံးပြုနိုင်ရန် Configuration ပြုလုပ်ပုံ

ပုံ (၃)
Install ပြီးစီးသွားပါက ပုံ (၃) ကဲ့သို့ PANDION Messenger လေး ကျလာပါလိမ့်မည်။
၃။ Connection Settings ကိုနှိပ်ပါ။
၎။ Server Connection ၏ Address အကွက်တွင် chat.cyberwings.asia ဟု ရိုက်ထည့်ပေးပါ။
၅။ OK ကိုနှိပ်ပါ။

စတင် ၀င်ရောက်ပုံ

ပုံ (၄)
၆။ မိတ်ဆွေ မှတ်ပုံတင်ထားသော username အား Address အကွက်တွင် ထိုသို့ username@chat.cyberwings.asia ဟု ပြည့်စုံစွာ ရိုက်ထည့်ပေးပါ။
၇။ Password နေရာတွင် မိတ်ဆွေ မှတ်ပုံတင်ထားသော password အားရိုက်ထည့်ပေးပါ။
၈။ “Sign In” ကိုနှိပ်ပါ။

သူငယ်ချင်းအား invite လုပ်ယူခြင်း

ပုံ (၅)
၉။ ပုံ (၅) တွင်ပြထားသကဲ့သို့ Actions -> Add a contact ကိုနှိပ်ပါ။
၁၀။ ပေါ်လာသော အကွက်တွင် သူငယ်ချင်း၏ address ကိုရိုက်ထည့်ပေးပြီး Enter ကို နှိပ်ပေးပါ။
မှတ်ချက်။ ။ gmail အသုံးပြုသူများအား ထည့်သွင်းလိုပါက @chat.cyberwings.asa အစား @gmail.com ဟု လည်းကောင်း၊ yahoo အသုံးပြုသူများအား @yahoo.com ဟုလည်းကောင်း အသီးသီး ပြောင်းလဲကာ ထည့်နိုင်ပါသည်။
ပုံ (၆)
၁၁။ Invite လုပ်ပီးပါက ထိုသို့ Finish ကိုနှိပ်ပေးပါ။
ပုံ (၇)
တစ်ဘက်လူမှ Invite အား လက်ခံလိုက်ပါက ထိုသို့ ပေါ်လာမည်ဖြစ်သည်။
ပုံ (၈)
 မိမိ သူငယ်ချင်း အမည်အား Double Click နှိပ်ကာ Chatting ဖြင့် ဆက်သွယ်နိုင်ပြီဖြစ်ပါသည်။

အဖွဲ့လိုက် စကားပြောခြင်း (Group Chat) သို့ ၀င်ရောက်ခြင်း

ပုံ (၉)
၁၂။ ပုံ (၉) တွင်ပြထားသကဲ့သို့ Actions -> Join a Conference Room ကိုနှိပ်ပါ။
 ၁၃။ စက္ကန့်အနည်းငယ် စောင့်လိုက်ပါက ၀င်ရောက်ပြောဆိုနိုင်သော အခန်းများ မြင်တွေ့ရပါလိမ့်မည်။ မိမိဝင်ရောက်လိုသော အခန်းအား Click လိုက်ပါ။
ပုံ (၁၀)
အခန်းအတွင်းသို့ ၀င်ရောက်ထားသောလူများအချင်းချင်း Chatting ဖြင့် ဆက်သွယ်နိုင်ပြီဖြစ်ပါသည်။

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...