+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Saturday, October 27, 2012

အိမ်ထောင်တစ်ခုတည်ဆောက်တော့မယ်ဆိုရင်

အိမ်ထောင်တစ်ခုတည်ဆောက်တော့မယ်ဆိုရင်

 

ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင် သီတင်းကျွတ်လပြည့်နေ့သို့

ရောက်ပါပြီ။မိရိုးဖလာယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို

ရှောင်ကြဉ်ခဲ့ကြရတယ် ။ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး

များအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က

ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ်

ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်က

လည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါ

ကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။ဒါကြောင့် ၀ါကျွတ်ပြီသီတင်းကျွတ်ရောက်ပြီဆို

တာနဲ့  ထိမ်းမြား လက်ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း

မင်္ဂလာသတင်းများဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာ

ဆောင် စံပယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေး

ပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တ

ခမ်းတနား ကြေညာကြတယ် ။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောပျော်ရွှင် ကြည်နူးဖွယ်ကောင်း

သောကိစ္စများပင် ။ချစ်သူရည်းစားတို့အတွက်ကတော့ အိပ်မက်နှင့် စောင့်မျှော်ခဲ့ရသည့် အချိန်

အခါဖြစ်လိမ့်မည်လို့  ထင်ပါတယ်။ဒါပေမဲ့ နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေအပျိုကြီးတွေအတွက်

တော့သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့ ဗျာ။ဟိုးယခင်နှစ်များဆီက အသက်၄၀

ဝန်းကျင်အထိ အိမ်ထောင်မကျသေးသူများကို လူပျိုကြီး၊ အပျိုကြီးဟု ခေါ်ဆိုခဲ့ကြသော်လည်း

ယနေ့အချိန်တွင်အသက် ၃၀ ၀န်းကျင် အိမ်ထောင်မကျသေးသူများကိုပါ သတ်မှတ်လာကြ

သည်။ဘာကြောင့် အပျိုကြီး ၊ လူပျိုကြီးတွေ များလာရတာလဲ ? ...........................။

မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသူအချိုး ပိုမိုများပြားနေပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်

လည်းတဖြည်းဖြည်း မြင့်မားလာနေသည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် ‘‘မွေးဖွားမှုနှင့် မျိုးဆက်ပွား

ကျန်းမာရေး’’ စစ်တမ်း ကဖော်ပြခဲ့သည်။အိမ်ထောင်မပြုသူအချိုးပိုများပြီး အိမ်ထောင်ပြုသည့် အ

သက်အရွယ် မြင့်မားလာနေသည့်အကြောင်းရင်း တွင် စားဝတ်နေရေးက အဓိကပြဿနာ အဖြစ်

ပါဝင်နေကြောင်းကိုလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားပါသည်။စစ်တမ်းကို ၂၀၀၇ ခုနှစ်တွင်

ကောက်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မွေးဖွားမှု နှင့် မျိုးဆက်ပွား ကျန်းမာရေး

ဆိုင်ရာ ထွက်ရှိထားသည့် စစ်တမ်းလည်းဖြစ်သည်။

စစ်တမ်းအရ အသက်၁၅မှ ၁၉ နှစ်အတွင်း အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့်နှုန်းသည်

၁၉၇၃ ခု နှစ်က ၇၈ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ၈ရာခိုင်နှုန်း၊ အသက် ၂၀မှ

၂၄နှစ်အတွင်း အမျိုးသမီး များတွင် ၃၅ဒသမ၅ရာခိုင်နှုန်းမှ ၆၇ဒသမ၉ ရာခိုင်နှုန်း၊ အသက် ၄၅ မှ

၄၉နှစ်အတွင်း အမျိုးသမီးများတွင် ၅ဒသမ၉ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၄ ဒသမ ၈ရာခိုင်နှုန်းသို့ အသီးသီး

မြင့်တက်လာကြောင်း ဖော်ပြထားသည်။ထို့အပြင် အသက်၁၅မှ၁၉နှစ် အတွင်းရှိ အမျိုးသားများတွင်

အိမ်ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ဒသမ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ခုနှစ်တွင် ၉၅ ဒ

သမ ၉ရာခိုင် နှုန်းသို့လည်းကောင်း၊ အသက် ၂၀ မှ၂၄နှစ်အတွင်းရှိ အမျိုးသားများ တွင် ၅၅ဒသမ၂

ရာခိုင်နှုန်းမှ ၇၆ဒ သမ၇ရာခိုင်နှုန်း သို့လည်းကောင်း၊ အသက်၄၅မှ၄၉နှစ်အတွင်းရှိ အမျိုး သားများ

တွင် ၃ဒသမ၅ရာခိုင်နှုန်းမှ ၇ဒသမ၅ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ပါသည်။

စစ်တမ်းတွင်၁၉၇၃ခုနှစ်က အ မျိုးသမီးများ၏အိမ်ထောင်ပြုသည့် အသက်အရွယ်သည် ၂၁နှစ်ဝန်း

ကျင် ဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ပါသည်။ အလားတူ အမျိုးသားများတွင်လည်း

၂၃ နှစ်ဝန်း ကျင်မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ်ဝန်း ကျင်သို့ မြင့်တက်ခဲ့ပါသည်။အိမ်ထောင်မပြုသူအ

ချိုးများ လာခြင်းသည် အကြောင်းရင်းများစွာ ရှိပါသည်။ အဓိကသည် စားဝတ်နေရေးပြဿနာ များ

လာခြင်း၊ လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ ပညာရေးနှင့် စီးပွားရေးအား ပိုမိုဦးစားပေးလာခြင်း များရှိ

သည်။ ပညာရေးမြင့်သူများကို ကြည့်ပါကလည်း ပညာရေးမြင့်လေ တစ်ဦးတည်းနေချင်လေ ဖြစ်လာ

ခြင်းတို့ကြောင့် အိမ်ထောင်မပြုသူ အချိုးများ လာကြောင်းကိုလည်း ကုလသမဂ္ဂလူ ဦးရေ ရန်ပုံငွေအ

ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ဖူးသည်။ထို့ပြင်ယနေ့ခေတ်၌ အိမ်ထောင်ပြုသူများတွင် ကလေး

ယူနှုန်းနည်း လာပါသည်။ ယနေ့ခေတ် အိမ် ထောင်ရေးကို ဒဿနအဖြစ်ခြုံငုံ စဉ်းစားကြည့်ပါက

ယခင်ထက်တွက်ချက် ရမှုပိုများလာခဲ့သည်။မြို့ပြနှင့်ကျေးလက်ဒေသများတွင် အိမ်ထောင်ပြုသည့်

အသက်အရွယ်သည် အမျိုးသမီးများတွင်၂၁နှစ် ၀န်းကျင်ရှိခဲ့ရာမှ၂၆ နှစ်ဝန်းကျင်သို့ လည်းကောင်း၊

အမျိုးသားများတွင် ၂၄နှစ်ဝန်းကျင်ရှိခဲ့ရာမှ ၂၈နှစ်ဝန်းကျင် သို့လည်းကောင်း မြင့်တက်လာသည်

ဟုလည်း စစ်တမ်းတစ်စောင်က ဖော်ပြထားပါသည်။

ဒါကြောင့် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး

တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။အိမ်ထောင်မကျသေးတဲ့၊ အိမ်ထောင်ပြု့ဖို့ ကြိုးစားနေ

ကြတဲ့ လူပျိုကြီး၊ အပျိုကြီးများ ၊ညီလေး၊ ညီမလေးများအတွက် ရည်ရွယ်ပါတယ်နော်။

အချစ်မှာ မျက်စိမရှိဘူးပဲဆိုဆို ။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေရင် အပြစ်များတောင် မမြင်

တော့ဘူးပဲဆိုကြဆိုကြ ။ဒီစကားလေးတွေက ချစ်သူတွေဘ၀မှာတော့ မှန်သင့်သလောက်ပဲမှန်ပါလိမ့်

မယ်။ဒါပေမဲ့ တစ်ကယ်တန်း နှစ်ကိုယ်တူ ဘ၀ခရီးလမ်းကို တူယှဉ်ကာ လျှောက်လှမ်းကြတော့မယ်ဆို

ရင်တော့ “မျက်တောင်မွှေး တစ်ဆုံးကိုမကြည့်ပဲ မျက်စိတစ်ဆုံးတော့ကြည့်ပါ” ဆိုတဲ့ စကားပုံလေးလို

ပဲပေါ့ဗျာ ။ အစကောင်းမှလဲ အနှောင်းသေချာပါလိမ့်မယ်။ အိမ်ထောင်ပြုတယ်ဆိုတာက ဘာမှမသက်

ဆိုင်တဲ့ ဆန့်ကျင်ဘက်သူစိမ်းလူသားနှစ်ဦး အတူတစ်ကွ ပေါင်းသင်းတာပဲလေ။ အတူတကွ နေလာခဲ့

ကြပြီးမှ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့တို့၊ မေတ္တာမပါပဲ အချစ်တစ်ခုထဲကိုဦးစားပေးပြီ

တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိပါပဲ အိမ်ထောင်သက်လေးကြာလာတဲ့အချိန်မှာ အ

တိတ်က ဘာမဟုတ်တဲ့ အပြစ်သေးသေးလေး တွေကိုအစပြု့လို ကွဲကွာသွားကြတာတို့၊က ဖြစ်တတ်ပါ

တယ် ။ထိုအပြင် တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ၊ထမင်းရည်ပူပဲ သောက်ရသောက်ရဆိုပြီး ယူပြီး

ကာမှ နောက်တော့ ပိုက်ဆံမပြေလည်လို့ ကွာကြကွဲကြတယ်။ အကြွေးတွေနစ်ပြီး ထွက်ပေါက်မရှိလို့

ရာဇဝတ်မှုတွေကျူးလွန်တယ်။ ကလေး မွေးပြီးမှ မကျွေးနိုင်လို့စွန့်ပစ်ကြတယ်။ ကိုယ်ဝန်ရှိမှ မမွေးနိုင်

လို့ ဖျက်ချကြတယ်။ အခြားအခြား လူမှုရေးပြဿနာတွေ အများကြီးရှိသေးတယ်။ တချို့ကတော့ ဒုက္ခ

တွေကိုကြံ့ကြံ့ခံ ပြီး ရိုးရိုးသားသားနဲ့ အိမ်ထောင်သည် ဘ၀ကိုဖြတ်သန်းနေသူတွေလည်း ရှိပါတယ်။

ဒါကြောင့် မိမိရဲ့ ဘ၀လက်တွဲဖေါ်ဟာ ဘယ်လိုလူမျိုးလဲ၊ မိမိအပေါ်ကို ဘယ်လို သဘောထားတဲ့သူလဲ၊

ရေရှည်မှာရော ဘယ်လိုစိတ်ပြောင်းလဲတက်တဲ့ လူစားမျိုးလဲ၊ အချစ်တစ်ခုတည်းနဲ့မဟုတ်ပဲ မိမိကို

နားလည်မှုတွေ စစ်မှန်တဲ့အချစ်နဲ့ နွေးထွေးတဲ့မေတ္တာတွေ ပေးတက်တဲ့သူလားစတဲ့... စတဲ့ အချက်

လေးတွေကို သေသေချာချာ စဉ်းစားပြီးမှ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ် ။

အိမ်ထောင်ရေးဆိုတာ အစကောင်းမှ အနှောင်းသေချာဆိုသလို နောင်ပြင်ရန် ခက်တဲ့အမျိုပါ။

တစ်မိသား နဲ့ တစ်မိသား အချိန်တန် အရွယ်ရောက်လို့ တစ်ဦးနဲ့တစ်ဦး အကြောင်းဆက် ပေါင်းဖက်

ကြရတာ ဓမ္မတာပါပဲလေ။ ၀ါဝင်တော့မယ် မခွဲနိုင်တော့ဘူး အရမ်းချစ်လို့ဆိုပြီး အပြေးအလွှား လက်ထပ်

ချင် သူတွေလည်း မိမိဘ၀တစ်သက်တာမှာ သာယာပျော်ရွှင် ချမ်းမြေ့တဲ့ ခိုင်မြဲတဲ့ အိမ်ထောင်စုလေး ဖြစ်

ဖို့အတွက် သည်အချက်လေးတွေက ရှိထားဖို့လည်းလိုအပ်လိမ့်မယ်လို ထင်ပါတယ်နော်.....

၁။ မိမိအိမ်ထောင်ဖက်သည် ရောဂါဘယကင်းရှင်းပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါသည်။

၂။ ဘွဲ့ရ ၊ ခေတ်ပညာတက်ကြီး မဟုတ်ရင်တောင်မှ သင့်တင့်တဲ့ ပညာအရည်အချင်းလေးတော့ ရှိထား

ရပါမယ်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်တဲ့စီးပွားရေး ရှိဖို့လည်းလိုပါတယ်။ မရှိသေးရင်လည်း ရှိလာအောင်ကြိုးစားပြီးမှ

လက်ထပ်သင့်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပူလျက်ရစေတော့ ဆိုတာ သီချင်းထဲမှာပဲ

ရှိပါတယ်။

၎။ မိမိပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့နဲ့ လူဝင်ဆံ့ဖို့လည်းလိုအပ်ပါတယ်။

လူကောင်းသူကောင်းနဲ့ ပေါင်းဖေါ်တက်သူ ဖြစ်ဖို့လိုပါတယ်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသလို အကျင့်စာဂ၊ စာရိတ္တကောင်းမွန်

သူ တစ်ယောက်ဖြစ်ရန်လည်း အရေးကြီးပါတယ်။

နောက်တစ်ခုက မိမိရဲ့အိမ်ထောင်ဖက် ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး “ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”

 လို့

ဆိုတဲ့ ရှေးရိုးစဉ်လာ စကားလေးတွေကိုလည်း ကောင်းမွန်စွာ မှတ်သားလိုက်နာဖို့ လိုပါတယ်။

အဲ့ဒါတွေကတော့....

“ပါသုံးပါ” ဆိုတာ

၁။ အကြွေးတွေ ပါလာသူ

၂။ ရောဂါဘယ ပါလာသူ

၃။ အပိုစားမယ့်သူ ပါလာသူ

“ချာသုံးချာ” ဆိုတာ

၁။ ပညာအရည်အချင်း နုံချာသူ

၂။ အကျင့်စာရိတ္တ နုံချာသူ

၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဆိုတာ

၁။ တိုင်းနိုင်ငံနဲ့ လူမျိုးမတူ ကွာခြားသူ

၂။ အယူဝါဒမတူ ကွာခြားသူ

၃။ စိတ်သဘောမတူ ကွာခြားသူတို့ပဲ ဖြစ်ပါတယ်။

ရှေးလူကြီးများရဲ့ ပြောပြချက်အရ ထိုအချက်ကိုးချက်နဲ့ မကိုက်ညီတဲ့ အိမ်ထောင်ရေးတွေဟာ စိတ်ဆင်းရဲ၊

ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပြီး သည်အချက်တွေနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးတွေကတော့ များသောအားဖြင့်

အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြတယ်လို့ ဆိုပါတယ်။ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ကာ

လအပြီးတွင် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး

တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။သူငယ်ချင်းအားလုံးလည်း ခိုင်မြဲတဲ့တွဲလက်များဖြင့် သာယာ

ချမ်းမြေ့တဲ့ ဘ၀ခရီးလမ်းကို

အဆင်ပြေချောမွေ့ စွာ လျှောက်လှမ်းနိုင်ကြပါစေသော်................................။


0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...