+Åüñg
Search
Images
Maps
Play
YouTube
News
Gmail
Drive
Calendar
More
Blogger
Create new post View posts View blog
Åüñg Kÿáw Sôë
3
Share
Åüñg Kÿáw Sôë
Åüñg Kÿáw Sôë
My blogs
အိမ်မက်ဥယျာဉ် · Template
New post
Overview
Posts
Pages
Comments
Google+
Stats
Earnings
Layout
Template
Settings
main |
sidebar
ပို့စ်ရေးသားသူ
Unknown
(တင်သည့်ရက်)
Sunday, December 30, 2012

< ကိုယ် နဲ့  သင် >
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အလုပ်ခွင်မှာ အရမ်းကို လူကြီးဆန်ခဲ့ပင်မယ့်
အခုတော့ မင်း နဲ့ တွေ့ ရင် အလိုလို ကလေး ဆန်သွားတယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က အိမ်မှာ ကလေးလို နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ ရင် အလိုလို လူကြီးဆန်ပြီး အကြံဥာဏ်ပေးမိတယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ဖြစ်သလို ဝတ်စား ဆင်ယင်နေခဲ့ပင်မယ့်
အခုတော့ မင်း နဲ့  တွေ့ မယ်ဆိုရင် အလိုလို မှန်ရှေ့  က မခွာ ဘဲ ပြင်ဆင်နေတတ်တယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က စကားလေး တခွန်းကို ၂ခါ ပြောရင် နားထောင်ရတာ စိတ်မရှည် ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် မင်းပြောသမျှကို မမောတမ်း နားထောင်နေတတ်တယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ကို တခြား နာမ်စားနဲ့  ခေါ်ပြီးသုံးစွဲရင် မကြိုက်ခဲ့ပင်မယ့်
အခုတော့ မင်း ခေါ်ဝေါ်တဲ့ နံမည်ပြောင်လေး တွေကို အရမ်း သဘောကျခဲ့တယ်
ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က လူတွေကို မပြုံးပြတတ်ဘူးလားလို့ မေးခံရအောင် အပြုံးအရယ်တွေ အရမ်းကို နည်းပါးခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  တွေ့ ရင် သူ့ အလိုလို ကို ပြုံးပြနေတတ်တယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က လူတွေကို အရမ်းနားလည်ပေးတတ် ခဲ့ ပင်မယ့်
အခုတော့ မင်းနဲ့  တခြား သူ တယောက် စကားပြောတာ သိရရုံဘဲ အလိုလို စိတ်တိုနေတတ်တယ်
ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အမြဲတမ်း ဆုံးဖြတ်ချက် ကို ကိုယ်တိုင် ချနိုင်မှ ကျေနပ်ခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  အရာရာ ကို အတူတူတိုင် ပင်ပြီး ဆုံးဖြတ်ချက် ချချင်နေခဲ့တယ်
ကိုယ်ချစ်တဲ့သူ နဲ့  တူတူရှိရင်
အရင်က ကိုယ့်ဟာကိုယ် စိတ်ဓာတ်မာကျောတယ် ထင်နေခဲ့ပင်မယ့်
အခုတော့ မင်းကို အရာရာ မှီခိုပြီး ဖြတ်သန်းချင်တဲ့ မိန်းခလေး တယောက် ဖြစ်ချင်နေခဲ့တယ်
ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က အချစ်ဆိုတဲ့ အရာကို ပြက်ရယ် ပြုခဲ့ပင်မယ့်
အခုတော့ မင်းနဲ့  စိတ်ဆိုး စိတ်ကောက် ပြီး ချစ်သူဘဝကို ဖြတ်သန်းချင်နေခဲ့တယ်
ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်လောက် အရပ်မှ ဘယ်လို ပုံစံမှ ဘယ်လောက်ချမ်းသာမှ ရွေးမယ်လို့ စဉ်းစားခဲ့ပင်မယ့်
အခုတော့ မင်း ဘယ်လို ပုံဘဲ ဖြစ်ဖြစ် မင်းကို မင်း မို့ လို့ ရွေးချယ်မိတယ်
ကိုယ်ချစ်တဲ့သူ နဲ့ တူတူရှိရင်
အရင်က ဘယ်အရာဖြစ်ဖြစ် ကိုယ့်အနားက ထွက်ခွာသွားရင် ဘာမှမဖြစ်ခဲ့ပင်မယ့်
အခုတော့ မင်း ကို ငါ့ အနားက ထွက်ခွာ သွားမှာ ကြောက်နေခဲ့တယ်
လောကမှာ အချစ် ၃ မျိုး ဘဲ ရှိပါတယ်
ကိုယ်ချစ် သူချစ် သူစိမ်းအချစ်(တယောက်အကြောင်းတယောက်မသိဘဲ မိဘပေးစားလို့ ယူလိုက်ရတဲ့အတွဲ , ဖြစ်သင့်တယ်လို့ ထင်ပြီးတွဲနေကြတဲ့အတွဲ)
လူတိုင်းတော်တော်များများပြောနေတဲ့ စကားလေး တခွန်း ရှိတယ်
ကိုယ်ချစ်က အရမ်း ပင်ပန်းတယ် ပေးဆပ်ရတာတွေများတယ်တဲ့
မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် လောကမှာ လူတော်တော်များများက သူချစ်ကိုရွေးချယ်ချင်တတ်ကြပါတယ်
ဒါပင်မယ့်
သူချစ် ဘဲ ဖြစ်ဖြစ် ကိုယ်ချစ်ဘဲ ဖြစ် ဖြစ် လောကမှာ အပေးယူမျှမှ အရာအားလုံး အဆင်ပြေမှာပါ
ကိုယ်က ဘာမှမဟုတ်ဘဲ ပြောဆို လိုက်တဲ့ စကားလေးတခွန်းက တခြားလူအတွက် ဓားတချောင်းမဖြစ်ပါစေနဲ့ 
ကိုယ်က ဘာမှမဟုတ်ဘဲ ပြုမူ လိုက်တဲ့ အမူအရာလေးက တခြားလူအတွက် အရိပ်မည်း မဖြစ်ပါစေနဲ့ 
ကိုယ်က ဘာမှမဟုတ်ဘဲ လုပ်လိုက်တဲ့ အမှတ်တရတွေက တခြားလူအတွက် အိမ်မက်ဆိုး မဖြစ်ပါစေနဲ့ 
သူကို အရမ်းချစ်တယ်လို့ ခံယူထားတဲ့ သင်နဲ့  သင့်ကို ပြန်ချစ်တယ်လို့ ယုံကြည်ထားတဲ့ သူ နားလည်မှုတွေနဲ့  အမြဲတမ်းပျော်ရွှင်စွာလက်တွဲသွားနိုင်ကြပါစေ................
0 ခုပြောဆိုထားသည်:
Post a Comment