+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Monday, December 31, 2012

မုန်းလို့မရတဲ့ ......... နင်


စိတ်ထဲ ရှိတဲ့ အတိုင်း
ပေါက်ကွဲပစ်ဘို့
ခဏခဏ ငါ တွေးမိတယ်
ထိန်းချုပ်ခံထားရသလို နေနေရတဲ့ ငါ့ ကိုယ် ငါ မုန်းတယ်
ငါ နင့်ကို အရမ်း ချစ်ခဲ့ပါတယ်
ချစ်လည်း ချစ်နေတုန်းဘဲ
ချစ်နေပါလျှက် မုန်းဟန် ဆောင်နေရသော
ငါ့ ကိုယ် ငါ မုန်းတယ်
နင်နဲ့ တွေ့ခဲ့ရင်
စကားအများကြီးပြောချင်တယ်
စကားပြောချင်လျှက်နဲ့
ပြောစရာ စကားရှာရခက်နေသော
ငါ့ ကိုယ် ငါ အရမ်း မုန်းတယ်
ပျောက်ရှကုန်သော ငါ့ ခံစားချက် အချို့ကို
ပြန်လည်ရှာဖွေမိခဲ့တဲ့
ငါ့ မှာ အပြစ်တစ်ခုလို
အိပ်မက်ဆိုး တစ်ခု နေ့တိုင်း မက်နေရတယ်
နုတ်ဆက်ပါရစေ..... ကောင်မလေးရယ်
ထပ်ပီး မတုပ်နှောင်ပါနဲ့ တော့
ငါ နင့်ကို အရမ်းချစ်မိခဲ့လို့
နင့်ကို ငါအရမ်းစိတ်နာနေခဲ့မိပြီ .
ငါ မမုန်းရက်ခဲ့ပါ ဘူးး........... ဟာ နင့်ကို ...
                                                                        အညတရ ကောင်လေး .......

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...