+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Friday, January 18, 2013

ပိုင်ဆိုင်ခွင့်........

မုသားမပါဘဲ ချောမွေ့ခဲ့တဲ့
ငါ့ ရင်ထဲက ကဗျာ တစ်ပုဒ် ရှိတယ်
ကောင်မလေး ...
နင့်ကို အရမ်းချစ်တယ် ......
ပေးဆပ်ခြင်းအတိနဲ့ ပိုင်ဆိုင်လိုခြင်းမပါတဲ့ ချစ်ခြင်းလို့
ငါ မတွေးခဲ့ပါဘူး
ပေးဆပ်ရင်းနဲ့ဘဲ ငါ နင့်ကို တစ်ဖြေးဖြေး ပိုင်ဆိုင်ချင်လာခဲ့တယ်
ဆုံးရူံးရမှာကို ငါ အတင်းငြင်းဆန်တဲ့
ကောင်လေးတစ်ယောက်ပေါ့
ဒါမှလည်း ငါနင့်ကို အမြဲတမ်း
မြတ်နိုးကြင်နာခွင့်ရမှာပေါ့ ........
ကောင်မလေးရေ.
တစ်ခါတစ်ခါ အော်ဟစ် မိတိုင်း
နင့်ကို မုန်းလို့ မှမဟုတ်တာ.
ငါ့ စွန်လွတ်ဘို့ မဖြစ်နိုင်တာကို
နင် သိစေချင်လို့ပါ .....
တစ်ကမ္ဘာလုံးငါ့ ကို မုန်းချင်မုန်းပါစေ
ငါ့ဘေးမှာ နင် ရှိရင်
ငါ့ကမ္ဘာ ပျော်ရွင်စရာ တွေနဲ့ ရှိနေမှာပေါ့
ငါ တစ်ကိုယ်ကောင်းဆန်တယ်နှော်
ဟုတ်မှာပါ
ဒါကလည်း နင့်ကို မစွန့်လွတ်နိုင်လို့ပါ ကောင်မလေးရယ်
ပိုင်ဆိုင် ဘို့ ပေးဆပ်တာ လို့ ငါ မှတ်ယူမထားပါဘူး
ဒါပေမဲ့ ငါ နင်ကို ပိုင်ဆိုင်ချင်တယ်
ဒါအမှန်ဆုံးဆိုတဲ့ စကားတွေဘဲ
အချစ်ဆိုတာ ဘာလဲလို့ ငါ မစဉ်းစားတော့ဘူး
တစ်ကယ်ချစ်မိသွားတဲ့ အခါ
အချစ်ဆိုတာ သိစရာမလိုတော့ပါဘူး......
ပိုင်ဆိုင်ခွင့်ဆိုတာ ပေးဆပ်ခဲ့လို့ ဖြစ်လာတာ
မဟုတ်မှန်းနင် သိခဲ့ရင်...
ကောင်မလေး နင့်ကို ငါ ပိုင်ဆိုင်ချင်တယ်.
ထာဝရအတွက်ပေါ့.........

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...