+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Wednesday, January 30, 2013

နောက်ဆုံး..........






တစ်ကယ်တော့ အိပ်မက် ဟာ
အိပ်မက်ဘဲ လို့ ငါ  ပြန်တွေးမိတော့
တစ်ကယ်မ၇ှိခဲ့တဲ့
ပျော်၇ွှင်မူတွေ ကို နှမျောမိတယ်
သစ္စာမရှိသူတစ်ယောက်အတွက်
ငါ့ တမ်းတခြင်းတွေဟာ နင့် အတွက်မဖြစ်သင့်ဘူး
အရင်လို မဟုတ်တော့တဲ့ အခြေအနေတွေကြောင့်
နင့်ကို နာကျည်းရမယ်လို့ ငါ စိတ်တွေက
နိုးဆွနေတယ်........
ငါ ပြန်မသိမ်းခဲ့တဲ့
ငါ့ ချစ်ခြင်းတွေက ကြမ်းပြင်မှာ
ပြန့်ကျဲနေတယ်...
ဘ၀ဆိုတာ ကော်ဖီ ခါးခါး တစ်ခွက်ဆို
အချစ်က ........ဘာလဲဆိုတာ
ငါမသိချင်တော့ဘူး
ငါ့ အတွက် ခါးသက်လွန်ခဲ့ပါတယ်
နင့် အတွက် ကဗျာ လို့ မရည်ရွယ်ပါဘဲ
နင်နဲ့ ပါတ်သက်တာတွေပါတယ်
ခွင့်ပြုချက်မရှိဘဲ
လေ့လာခွင့်ရတဲ့ အချစ်ဘာသာမှ
ငါ ကျရူံးခဲ့ပါတယ်
ကျေနပ်တယ် မကျေနပ်ဘူးလို့
ငြင်းစရာမလိုတော့
အလွယ်တစ်ကူဘဲ ကျဆုံးပေးလိုက်တယ်
ပျို့တက်လာတဲ့
ဆန္ဒတစ်စုံကို ရင်မှ သိမ်းထားရင်း
နင်ထွက်သွားတာကို ငါ နောက်ဆုံးငေးကြည့်ပါရစေ. ........

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...