+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Wednesday, January 9, 2013

ပန်းစောင့်ဘီလူး


အလိုလို ပျို့တက်လာတဲ့
ပိုင်ဆိုင်ချင်တဲ့ စိတ်က အချစ်လား. ?
ငါ့ကိုယ်ငါ ဝေခွဲမရချိန်ပေါ့
တစ်ကယ်တော့
အလှပဆုံး
ပန်းတစ်ပွင့်ဆိုတာ
ဥယျာဉ်မူး အတွက်မှ မဟုတ်တာ..
သူတစ်ပါးခူးစွတ်ဘို့သက်သက်
ယုယပေးရတာမျိုးဘဲ
တစ်ခါတစ်လေ ကိုယ်မြတ်နိုးတဲ့
ပန်းတစ်ပွင့်ကို
ထုတ်မပြဘဲ ဖွတ်ထားချင်တယ်
အရောင်မစုံ မလှမပ ဖြစ်စေချင်တယ်
တစ်ကယ်တော့ 
မြတ်နိုးတယ်ဆိုတဲ့ စကားလှလှသုံးပြီး
ပန်းလေးကို ငါ တစ်ယောက်ဘဲ ကြည့်ချင်တာပေါ့ ........
ငါ စကားလှလှ သုံးပြီး နင့်ကို မနစ်မွန်းစေခဲ့ပါဘူး
တစ်ကယ်တော့ ငါဟာ
မရောက်လာသေးတဲ့
ပိုင်ရှင်အတွက် စောင့်ပေးရတဲ့
ပန်းစောင့် ဘီလူးတစ်ယောက်ပေါ့ .....
နင့် ကြည်ဖြူမယ်ဆို
ငါ ထာဝရ စောင့်ရှောက်ချင်တယ်.........



0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...