+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Sunday, May 19, 2013

ကာရံမဲ့ကဗျာတစ်ပုဒ်...

ညီမရေ.....ရင်နဲ့ ရင်းပြီး
ရေးစပ်ခဲ့တဲ့ ငါ့ကဗျာတွေ
ကာရန်မဲ့ခဲ့ပေမဲ့
စည်းချက်ကာရံညီတဲ့ ရင်ခုန်သံနဲ့ 
ချစ်ခြင်းတစ်ခုကို.....
ငါမင်းအတွက်အမြတ်တနိုး
ထုဆစ်ခဲ့တာပါ။

မျှော်လင့်တိုင်း လွဲချော်တတ်တဲ့ငါ
ဖန်တီးသမျှဆုံးရှုံးဖို့ ဖြစ်လာခဲ့တာလည်း
မထူးဆန်းတော့ပါဘူး ။
သဘာဝတရားလို့ဖြေသိမ့်ဖို့ အတွက်လည်း
ရင်ခွင်မှာ အားမရှိဘူး ။
ခံစားချက်ရှိမှလေးနက်မယ့် အရာရာအတွက်
ကာရံမဲ့ ကဗျာတွေရေးရင်း
ငါ့ဘ၀လည်း
ကာရံမဲ့သွားပြီထင်တယ်ပါ.......

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...