+Åüñg Search Images Maps Play YouTube News Gmail Drive Calendar More Blogger Create new post View posts View blog Åüñg Kÿáw Sôë 3 Share Åüñg Kÿáw Sôë Åüñg Kÿáw Sôë My blogs အိမ်မက်ဥယျာဉ် · Template New post Overview Posts Pages Comments Google+ Stats Earnings Layout Template Settings

Tuesday, December 25, 2012

ဒီမိုးစက်တွေလည်း သိပါတယ်













ကဲ ကောင်မလေးရေ
ပြိုင်ပွဲ က စလို့ ရနေပီလေ
ဝီစီ မှုတ်ထားပြီးပီဘဲ
မင်းဘက်က ရက်စက် ဘို့ အဆင်သင့်ဖြစ်လို့နေပီလား ?
ချစ်ဦးသူ မသိသော ကဗျာ တစ်ပုဒ်ရေးသီခဲ့တယ်
သူမသိဘဲ လုံးချေခံခဲ့တဲ့ စက္ကူလေးတစ်ရွှက်ဟာ
လူတွေ သတ်မှတ်ထားတဲ့ အမှိုက် မဟုတ်ခဲ့ပါဘူး
ခံစားချက် တစ်ချို့ အဲနေ့က ရုပ်ဆိုးစေခဲ့ရတယ်
ကို့ ဘာသူ ဒဏ်ခတ်တော့ အချစ်ဆိုတာက ရောက်တက်လာတယ်
ထပ်ဆင့်တိုး အလွမ်းတဲ့
 ငါ့အလွမ်းတွေနဲ့ တိုင်တယ်ဖူးတဲ့ ပင်လယ်ကြီးကို ဒုက္ခမပေးချင်တော့ဘူး
မြေကိုနမ်းမဲ့မိုးစက်တွေနဲ့ အတူ လွမ်းမယ် ချစ်သူ
ဒီည သည်း လိုက်တဲ့ အလွမ်းတွေ.......
ငါ့ရင်ဘတ်တစ်ခုလုံး မှောင်လို့မည်းလို့.........
အလွမ်းကို ရေနဲ့ အတူ
မော့သောက်ခဲ့တယ်
ခါးလိုက်တာ....
ရောက်နေကျ လမ်းတွေရဲ့
အိမ်အပြန်လမ်းတွေတောင် မှားလို့.......
 ကြယ်လေးတွေစုံတဲ့ ညတစ်ညပေါ့
သီချင်းသံနဲ့ အလွမ်းတွေကြားမှာ ဗျာများပီး
ကြွေမဲ့ ကြယ်တွေလည်း စီကာရင်ကာ ငါ့ကို ဂုဏ်ပြုနေတယ်..
 ပြိုင်ပွဲတောင်မ၀င်ရသေးဘူး
ငါမောဟိုက်နေပီ
မမှီမှန်းသိပေမဲ့ ရနိုးနိုး လှမ်းတဲ့ လက်မှာ အပြစ်မရှိပါခဲ့ဘူး
မရမှန်းသိသိနဲ့ ပိုင်ဆိုင်ချင်တဲ့ စိတ်မှာ အပြစ်မရှိခဲ့ဘူး
ဆင်ခြေမဟုတ်ပေမဲ့ ငါ့ သိထားတဲ့ ချစ်ခြင်းဟာ.
အရာရာကို ရောင့်ရဲနိုင်ရမယ်ဆိုတာဘဲ
သူပေးတဲ့ အလွမ်းကလည်း
ငါ့ ချစ်ခြင်း ရဲ့ တန်ရာတန်ကျေးပေါ့
တစ်ကယ်ဆို
နင်ပေးတဲ့ ဆင်ခြေထဲက အမုန်းကို မရှာခဲ့တာ ငါ့ပျော့ညံ့ချက်တစ်ခုဘဲပေါ့
နင်သိစေချင်တယ် တစ်ခုတော့ရှိတယ်.ကောင်မလေးရေ။
ဒီမိုးစက်တွေလည်း နင့်ကို ချစ်တာ သိကြတယ်တဲ့ နင်က ဘာလို့ မသိတာလဲဟင်  .......

0 ခုပြောဆိုထားသည်:

Post a Comment

Related Posts Plugin for WordPress, Blogger...